ငရဲကြီးတာ မမသိတယ်

ဒီနေ့ ဒေါ်မီမီခိုင်မင်း နေ့လည် ထမင်းစားချိန်မှာ အပြင်ထွက်မစား .. ။ ပြီးခဲ့သော နှစ်ရက်လောက် မှာ ပွဲဆက်တွေ များခဲ့ ပြီး အစားတွေ မဆင်ခြင်ခဲ့ ။ ပြန်လျော့ရမည် ..။ မနက် က ထည့်ခဲ့တဲ့ သင်္ဘောသီး နဲ့ စပျစ်သီး ဘဲ ဆာမှ စားတော့မည် လို့ စဉ်းစားထားသည် ။ ( သက်သက် . .နင့်ကို . .ခင်ချိုအုံး ပြောပြတဲ့ ငရဲအကြောင်း ဆိုတာ ပြောပြပါအုံး . .) ဒေါ်မီမီခိုင်မင်း သူမ ရုံးခန်း အပြင်ဘက် မှာ ထမင်းဘူး ထိုင်စားနေကြတဲ့ စာရေးမလေး နှစ်ယောက် စကားသံကို ကြားလိုက်ရ သည် . .။ ဒေါ်မီမီခိုင်မင်း ရုံးခန်းထဲမှာ ရှိနေတာကို မသိကြဘူး . .။ အင်းလေ . .သူမ သည် နေ့တိုင်း နေ့လည်စာ ကို အပြင်မှာ ထွက်စားတတ်တာကိုး . .။ ဒေါ်မီမီခိုင်မင်းတို့ ရုံး ရဲ့ အနီးအနား မှာ စားသောက်ဆိုင်တွေ က စုံလှ သည် .. ။ ငရဲအကြောင်း ဆလိိုု့ ဒေါ်မီမီခိုင်မင်း စိတ်ဝင်စားသွားသည် ။ ဖတ်လက်စ အီးမေးလ် ကို ဆက် မဖတ်ဘဲ နား စွင့်ထားမိ သည် . ။ ငရဲ ဆိုတဲ့ ကောင်လေး က ဒေါ်မီမီခိုင်မင်း တို့ ရုံး က ယာဉ်မောင်း ပါ . .။ ငရဲ ရဲ့ ပုံစံ က ခပ်မိုက်မိုက် လေး .. ။ သူ့ အကြည့်တွေ ကလဲ ရဲတင်း သည် . .။ ဒေါ်မီမီခိုင်မင်း လို ရာထူးကြီးတဲ့ အရာရှိမ ကိုတောင် သူ ကြည့်တဲ့ ပုံ က ပြီတီတီ နဲ့ . .။ သူမ ရ...