ဆောင်ကြာမြိုင်မှ အဖော်မွန်
ရန်ကုန်မြို့လယ်ရှိကွန်ဒိုမီနီယံ အဆောက်အအုံကြီးတစ်ခု။ ထိုအဆောက်အဦးကြီး၏ ၁၀ လွှာတွင် ခေါတ်မှီ နောက်ဆုံးပေါ်ကရိယာများဖြင့် လှပခမ်းနားသော အလှပြင် ဆိုင်ကြီးတစ်ခု တည်ရှိနေသည်။ အလှပြင်ဆိုင်က အမျိုးသမီးများသီးသန့်ဟု ဆိုသော်လည်း အလှပြင်ပေးသူများက အသက် ၂၀ ကျော်သာရှိသေးသော ကောင်လေးများဖြစ်နေသည်။ အလှပြင်ဆိုင်ဟု ဆိုသော်ငြားလည်း အလှပြုပြင်ပေးသူများမှာ အလှပြင်ဆိုင်အများစုတွင် တွေ့ရသော မိန်းမစိတ်ပေါက်နေသော ကောင်လေးများ မဟုတ်ပါ။ ယောက်ျားစစ်စစ် ကျားဖြစ်ပြီး ဝတ်တာစားတာက အစ ယောက်ျားပီသသော သူများဖြစ်သည်။ အားလုံး တောင့်တောင့် ဖြောင့်ဖြောင့်လေးတွေ ချည်းဖြစ်သည်။ အလှပြင်ထိုင်ခုံက ၇ ခုံရှိပြီး ကောင်လေးတွေက အားလုံး စုစုပေါင်း ၁၀ ယောက်ဖြစ်သည်။ အလှပြင်ခန်းကို သီးခြား မှန်လုံခန်းဖြင့်ဖွဲ့ စည်းထားပြီး ထိုအခန်းထဲတွင် ဆိုဖာနောက်မှီ ထိုင်ခုံရှည် ၃ ခုံကို နံရံတွင်ကပ်၍ စီတန်းချထား ပြီး အလှပြင်ဆရာ ကောင်လေးများ ထိုင်နေကြသည်။ ဂျာနယ်ဖတ်သူကဖတ်၊ mp 4 နားထောင်သူကနားထောင်၊ မှန်ရှေ့တွင်ခေါင်းဖီးသူကဖီး၊ စကားပြောသူကပြောနှင့် ရှိသော်လည်း ကျယ်လောင်ဆူညံခြင်းမရှိပဲ တိတ်ဆိတ် အေးချမ်းလှသည်။ ထိုအလှပြင်ခန်း၏ အပြင်ဖက်တွင်တော့ တန်ဖိုးက...